Tuesday, February 18, 2014

အိုဘဲ့ နှင်းဆီ


အိုဘယ့်နှင်းဆီ

အကာအရံတွေကြား
သူမွေးဖွားလည်း
တောက်ပ ပျိုမဒီ
အိုဘယ့် နှင်းဆီ။

ဆူးတွေရံကာ
ထားပါသော်ညား
အလှမာန်ဝင့်ဝင့်
ဟန်ချီတင့်သည်
အိုဘယ့် နှင်းဆီ။

အချိန်တန်
အရွယ်ရောက်
လူလားမြောက်ပြီ
ပန်းသွေးရောင်ဆီ
လှသွေးကြွယ်သည်
အိုဘယ့် နှင်းဆီ။

နူးညံ့ပွင့်ဖတ်
တန်ဖိုးဖြတ်သော်
အိုဘယ့် နှင်းဆီ
သင်သည် ဒီအမိနဲ့ဒီအဖအတွက်
အဖိုးအနဂ္ဂ ထိုက်ပါသည်။

သင်းပျံ့မွှေးရနံ့
တန်ဖိုးမှတ်သော်
အိုဘယ့် နှင်းဆီ
သင်သည် ဝေယံကောင်းကင်
လောက တစ်ခွင်တွင်
မွှေးပျံ့သင်းရနံ့
ထုံသင်းပျံ့သည်
ထာဝရမွှေးပျံ့ပါစေသော်(ဝ်)။

မာမာလွင်
24/2/2014 ရက်နေ့မှာ တက္ကသိုလ် စတက်တော့မဲ့ သမီးလေးအတွက် အမှတ်တရ။

2 comments:

  1. မိဘမေ့တ္တာ စမ်းရေပမာ
    တော်ပါတယ် မာမီရေ_______
    (y)

    ReplyDelete
  2. မိဘတိုင်းက သားသမီးတွေအပေါ် တူညီတဲ့ ချစ်ခြင်းတွေနဲ့ပါနော်

    ReplyDelete