မကြာခင် နာရီပိုင်းအတွင်းမှာ နှစ်သစ်ကို ရောက်တော့မယ် သူငယ်ချင်း
၂၀၁၃ကို နင်ရောငါပါ တည်ငြိမ်အေးချမ်းစွာနဲ့နုတ်ဆက်လိုက်ရအောင်နော်။
ငြိမ်းချမ်းစွာနဲ့နေရစ်ခဲ့ပါတော့၂၀၁၃ ရယ်
မကြာခင်ရောက်လာမဲ့ နှစ်သစ်၂၀၁၄ကို
နင်ရယ်ငါရယ် ပြံးရယ်ပျော်ရွှင်စွာနဲ့ကြိုဆိုလိုက်ကြရအောင်နော်။
အေးချမ်းသာယာစွာနဲ့ လှမ်းလာခဲ့ပါတော့ ၂၀၁၄ရေ။
၂၀၁၄မှာ ငါတို့အပေါ် ကျရောက်လာမဲ့ အဆိုးအကောင်းတွေကို
နင်ရောငါပါ ရဲရင့်စွာ ရင်ဆိုင်နိုင်လိမ့်မယ်
နင်ရောငါပါ ကောင်းမွန်စွာ ဖြေရှင်းနိုင်လိမ့်မယ်
နင်ရောငါပါ အောင်မြင်စွာ ဖြတ်သန်းနိုင်လိမ့်မယ်လို့ ငါယုံကြည်နေခဲ့တယ်။
၂၀၁၄မှာ ပျော်ရွှင်ခြင်းတွေရပါစေ
၂၀၁၄မှာ ငြိမ်းချမ်းမှုတွေရပါစေ
၂၀၁၄မှာ အေးချမ်းသာယာစွာနေနိုင်ပါစေ
မာမာ့ သူငယ်ချင်း မိတ်ဆွေအားလုံးအတွက်ပါ
ပျော်ရွှင်ပါစေ သူငယ်ချင်းတို့ရေ
တူးမာ
HAPPY NEW YEAR!
.jpg)
No comments:
Post a Comment