Wednesday, January 1, 2014

ယုံကြည်ခြင်း




2013 ရေ ဘိုင့်ဘိုင်

အဆိုးအကောင်းတွေကို နင်သယ်ဆောင်လာပြီး
ဆယ့်နှစ်လဆိုတဲ့ တစ်နှစ်တာအတွင်း
နင်၀င်ရောက်မွှေနှောက်သွားခဲ့တာ
စိတ်ဓါတ်ရော အားအင်တွေပါ
ငါကုန်ခမ်းခဲ့ရတယ်။

အခုတော့ ငါလေနင့်ကို
ကောင်းသောနုတ်ဆက်ခြင်းနဲ့နုတ်ဆက်ခဲ့ပါတယ်
ဘိုင့်ဘိုင်ပါ 2013 ရယ်
ကောင်းမွန်စွာနဲ့နေရစ်ခဲ့ပါတော့နော်။

ငါလေ နှစ်သစ်ဖြစ်တဲ့ 2014 ကို
ပျော်ရွှင်စွာနဲ့ကြိုလိုက်ပါအုံးမယ်
ငါ့အတွက် သယ်ဆောင်လာပေးပါ 2014
အောင်မြင်ခြင်းတွေ
ပျော်ရွှင်ခြင်းတွေ
လွတ်လပ်ခြင်းတွေ
ရယူနိုင်ခြင်းတွေ ကိုပေါ့။

ကြိုဆိုပါတယ် နှစ်သစ်ရယ်
နင်ဟာ ငါ့ကို လှပတဲ့အားသစ်တွေပေးလိမ့်မယ်
နင်ဟာ ငါ့ကို ပြည့်၀တဲ့ခွန်အားတွေပေးလိမ့်မယ်။

ငါယုံကြည်ပါတယ်
နင့်ကြောင့်ငါ ပျော်ရွှင်ရလိမ့်မယ်ဆိုတာကိုပေါ့

တူးမာ

No comments:

Post a Comment