ဒဏ်ရာ ပလပွနဲ့ငါ့ရင်ကို နာကြင်စေခဲ့တဲ့ ၂၀၁၃
ငါသိပ်ချစ်ရတဲ့အမေကို ငါ့တို့ဆီကနေထုတ်ယူသွားခဲ့တယ်
ငါသိပ်ချစ်ရတဲ့မောင်ငယ်လေးကို ငါတို့ဘ၀ထဲကနေ ခေါ်ဆောင်သွားခဲ့တယ်
ငါ့ရဲ့ခန္ဓာကိုမှာ ကုသမရတဲ့ဝေဒနာတွေ ရစေခဲ့တယ်
ငါ ငိုပြီးရင်းငိုခဲ့ရတယ်
မျက်ရည်တွေနဲ့တိုက်ပွဲအမျိုးမျိုး နွဲခဲ့ရတယ်
ဒီနေ့တော့ နင့်ရဲ့ပြုစားမှုအောက်ကနေ ငါရုန်းထွက်လို့ရတော့မယ်
နေရစ်ခဲ့ပါတော့
မချိတင်ကဲ ငါပြုံးခဲ့ရတဲ့အပြုံးတွေနဲ့ဘဲ နင်ကျေနပ်လိုက်ပါတော့
.jpg)
No comments:
Post a Comment