Wednesday, January 1, 2014

ကြိုးဝိုင်းပေါ်မှ ဘဝဇာတ်ခုံ



google မှကူးယူဖော်ပြထားပါသည်
၂၀၁၄ ၂၀၁၄နဲ့ နှစ်သစ်ကိုကြိုကြ
ရောက်လာခဲ့ပါပြီ။

ပေါင်း နုတ် မြှောက် စား
ပေါင်းသင့်တာပေါင်း
နုတ်သင့်တာနုတ်
မြှောက်သင့်တာမြှောက်
စားသင့်တာစားနဲ့

တစ်နှစ်တာဆိုတဲ့ ကြိုးဝိုင်းထဲကိုတက်

ပေါင်းနုတ်မြှောက်စားကို ကျွမ်းကျင်အောင်လေ့ကျင့်ရင်း
ပြိုင်ဘက်ဆိုတဲ့ ၂၀၁၄ကို အလဲထိုးနိုင်ဖို့
သက်လုံကောင်းဖို့လဲ လိုလာခဲ့တယ်။

၂၀၁၄ဆိုတဲ့ သက္ကရာဇ်ကြီး မကုန်ခင်
မှောက်ရက်လဲကျပြီး ဒိုင်ပွဲဘဲ ရပ်တာခံရမလား
ပုဝါမကူ ရေမရူဘဲ လက်ခမောင်းဘဲ ခတ်နိုင်မလား
ဘ၀ဇာတ်ခုံပေါ်မှာ ရှူ့စားရအုံးမှာပေါ့လေ။

တူးမာ

No comments:

Post a Comment