Thursday, December 26, 2013

အမေ့ရဲ့ နောက်ဆုံးအချိန်



အမေဆုံးသွားပြီလို့ သိလိုက်ရချိန်မှာ အမေ့နားမှာ ရှိနေခဲ့ ကျမတို့မောင်နှစ်မသုံးယောက် အရုပ်ကြိုးပြတ် ဖြစ်သွားခဲ့ရတယ်။

အစ်ကိုအကြီးဆုံးက အရင်ဆုံးဖင်ထိုင်ရက်ပြုတ်ကျသွားခဲ့တယ် ညီမအငယ်လေးက တွေတွေကြီး ရပ်ပြီးပိုးပိုးပေါက်ပေါက် မျက်ရည်တွေကျနေခဲ့တယ်။

ကျမကတော့ ဒူးထောက်ရက်ပြုတ်ကျပြီး လောကကြီးနဲ့ခနတာ အဆက်အသွယ် ပြတ်တောက်သွားသလို ခံစားလိုက်ရတယ်။

ညီမ၀မ်းကွဲလေးက လာရောက်တွဲခေါ်ပြီး ငါတို့လုပ်စရာတွေ ရှိသေးတယ် နင်သတိရှိရှိနဲ့နေပေးပါလို့ သတိပေးစကားပြောလာမှ လုပ်စရာရှိတာတွေဆက်ပြီး လုပ်နိုင်ခဲ့ပါတယ်။



အမေ့ရဲ့အသက်မဲ့သွားတဲ့ ရုပ်ခန္ဓာကို ကျမတို့ မောင်နှစ်တွေ အိမ်ကို ပြန်သည်ဖို့ပြင်ဆင်ကြတဲ့ အချိန်မှာတော့ အမေ ကျမတို့နားမှာ ရှိမနေတော့ဘူးဆိုတာ လက်ခံခဲ့မိတယ်။

ကျမတို့ပြန်လည်ခေါ်ဆောင်လာလို့ အမေကအိမ်ကို ပြန်ပါလာပေမဲ့ တည်ငြိမ်တိတ်ဆိတ်စွာနဲ့ ရီခြင်းပြုံးခြင်း ကင်းမဲ့စွာနဲ့လိုက်ပါလာခဲ့ပါတယ်။

အဲဒီအချိန်မှာတော့ အမေဆုံးသွားတာကို ယူကြုံးမရစွာနဲ့ထပ်မံပြီး လက်ခံလိုက်ရပါတော့တယ်။

သူ့လက်ကို ကိုင်ပြီး သူ့ပါးနှစ်ဖက်ကို လက်လေးနဲ့ကိုင်ပြီးဖြစ်ညှစ်ကာ အမေနေကောင်းလားလို့ မေးလိုက်တိုင်း ကောင်းပါတယ်
အမေတို့အိမ်ကိုပြန်ကြရအောင်နော်လို့ တစ်ဖွဖွပြောနေတဲ့ အမေ့ကို အသက်နဲ့ခန္ဓာ တွဲလျက် ပြန်မခေါ်နိူင်ခဲ့တာ သမီးစိတ်ထဲမှာ ကုသလို့မရနိုင်တဲ့ အနာတစ်ခုလို ဖြစ်နေခဲ့တယ် အမေ.့့့့:(

No comments:

Post a Comment