Thursday, December 26, 2013

လွမ်းဆွတ်ခြင်းများ


အိမ်ပြန်ချိန်ရဲ့ အလွမ်းအမောများ
မပြန်ချင့်ပြန်ချင်နဲ့ ပြန်လာခဲ့ရတယ်။

အပေါ်ထပ်နဲ့အောက်ထပ် အိမ်ကြီးထဲမှာ ဟိုး အရင့်အရင်နှစ်တွေက ကြီးကြီး

အဖေအမေနဲ့မောင်နှစ်မတွေ စုံစုံလင်ရှိနေခဲ့တယ်။

တစ်ယောက်တစ်ပေါက်နဲ့စည်ကားနေတဲ့အိမ်ကြီးမှာ ပျော်စရာတွေကောင်းနေခဲ့ပြီး

ကြားကာလအချိန်တွေမှာ သဘာဝတရားကြီးက မိသားစုတွေကိုတစ်စစီ ဖဲ့ချွေတာခံလိုက်ရတယ်။

သဘာဝတရားဆိုတာကြီးကို မလွန်ဆန်နိုင်ခဲ့တဲ့အတွက် မိသားစုထဲကနေ အရင်ဆုံးထွက်ခွာသွားသူက

ကျမအရမ်းချစ်တဲ့့ကြီးကြီးဖြစ်ခဲ့တယ်။

နောက်တော့ အဲဒီအိမ်ကြီးထဲကနေ မောင်ငယ်လေးက နူတ်မဆက်ဘဲထွက်သွားခဲ့ပြန်တယ်

မောင်ငယ်လေးထွက်သွားပြီး ၅လနဲ့၁၀ရက်အကြာမှာ အမေကထပ်ပြီးခွဲသွားခဲ့ပြန်တယ်။

ဝေဆာနေတဲ့အပင်ကြီးက အကိုင်းအခက်တွေတစ်စဆီ ပဲ့ထွက်သွားခဲ့ပြီး

လူနည်းသွားတဲ့အိမ်ကြီးမှာ ခြောက်သွေ့သွားခဲ့တယ်။

အကိုင်းအခက်တွေပဲ့သွားတဲ့ အပင်ကြီးမှာ နားခိုမှုတွေနည်းသွားခဲ့တယ်

အဲဒီကြားထဲကမှ ဧည့်သည်သွားဧည့်သည်လာ လုပ်နေတဲ့ကျမက

အဖော်မဲ့သွားတဲ့အဖေ့ကိုထားပြီး မိသားစုရှိရာကို ပြန်လာခဲ့ရတယ်။

ဆွေးမြေ့ခြောက်ကပ် ရီဝေနေတဲ့မျက်လုံးများနဲ့ ကျန်ခဲ့တဲ့အဖေ

နူတ်မဆက်ချင်ဘဲ နူတ်ဆက်စကားဆိုလိုက်တဲ့အဖေ

အဖေ့ကို ကန်တော့ရင်း အဖေပေးတဲ့ဆုတွေကိုယူရင်း

အလွမ်းအမောများနဲ့ သမီးပြန်ခဲ့ရတာပါ အဖေ

အိမ်မှာရှိနေခဲ့သော အဖေနဲ့အတူ မရှိတော့သောသူ ရှိသောသူအားလုံးကိုလွမ်းဆွတ်နေပါတယ်။

Mar Mar Lwin ( Tuu Mar   )
10;50AM
10/12/2013

No comments:

Post a Comment