မမေရေ နေကောင်းလား
ဒီနေ့ဆီးချိုတိုင်းပြီးပြီလား
နဲနဲတက်နေတယ် အချိုလျှော့နော်
အချိုတွေ အရမ်းမစားနဲ့
ဒီနေ့တိုင်းတာ ဆီးချိုကျနေတယ်
အနားမှာ သကြားလုံးလေး အချိုရည်လေး ယူထားနော်
ရိုးတိုးရိတ်တိတ်နေရင် မြန်မြန်လေးစားလိုက်ပေါ့
နေကောင်းအောင်နေနော်
အိမ်မှာ တစ်ယောက်ထဲ ဖြစ်ရဲ့လား
အနားမှာ ဖုန်းယူထား
အဲဒါက သမီးလေးဆီက နေ့စဉ် ကြားနေကြ စကားလေးပါ
သူမက ကလေးတယောက်ဖြစ်ပေမဲ့
အမေအတွက် ပူပန်နေတတ်ခဲ့ပါတယ်။
ဒါတွေ အားလုံးအတွက် ကျေးဇူးတင်ပါတယ် သမီးလေးရယ်။
မာမာလွင်
9/10/15

No comments:
Post a Comment