Thursday, September 10, 2015

သံယောဇဉ်လေးများ


ကျမရဲ့နေ့စဉ် လုပ်ဆောင်ရာ တာဝန်တွေထဲမှာ ကြောင်စာကျွေးတာ ဌက်စာကျွေးတာကလဲ အလုပ်တခုပါဘဲ။

ကျမအိပ်ယာထ နောက်ကျတဲ့နေ့ဆို အိပ်ယာထတာ နောက်မကျရအောင် နာရီအချိန်မှန်အောင် တခါးပေါက် နားကနေ နိူးပေးနိူင်တာ သူတို့က အချိန်အမှန်ဆုံးပါဘဲ။

အိပ်ယာက မထမချင်း သူတို့တွေက အုပ်စုလိုက် အသံကုန်အော် တတ်ကြပါတယ်။

အိပ်ယာထထချင်း သူတို့ကို အစာမကျွေးသေးရင်လဲ သူတို့တွေက သံပြိုင်သီချင်း ဆိုတတ်ပြီး အစာတောင်းတတ်ကြပါတယ်။

မီညောင်လေးကတော့ အသံတိုးပါတယ် အသံတိုးပေမဲ့ သူကလဲ မနားတမ်းဘဲ အော်ပြီး အစာတောင်းတတ်ပါတယ်။

သူတို့လိုချင်တဲ့ အစာအဟာရ ပြည့်စုံစွာ ရရင်တော့ သူတို့ဆီက ဘာသံမှ မကြားရတော့ဘဲ တိတ်ဆိတ်စွာနဲ့ ကားဂိုဒေါင်ထဲမှာ နေတတ်ကြပါတယ်။

သူတို့တွေဟာ ကျမရဲ့မိသားစုပြေီးးရင် ကျမအတွက် သံယောဇဉ်အရှိဆုံး အိမ်ဆွဲလည်းလေးတွေပါဘဲ။

No comments:

Post a Comment