Saturday, October 5, 2013

နာကျင်ဖူးတဲ့ငှက်ငယ်



နာကျင်ဖူးတဲ့ငှက်

လေးမှန်ဘူးတဲ့ ငှက်တွေထဲမှာ အတောင်ကျိုးဖူးတဲ့ငှက်လေးဟာ သူများတွေလို သူလွတ်လတ်စွာ အမြင့်ကို မပြန်သန်းနိုင်ရှာတော့ဘူး။
ခြေကျိုးဖူးတဲ့ ငှက်လေးဟာ သူများတွေလို သူခုန်ပေါက်ပြီး မကနိုင်ရှာတော့ဘူး။
နူတ်သီးကို ခဲထိမှန်ထားဖူးတဲ့ငှက် သူများတွေလို သူ့ဝမ်းဝအောင် အစာကို မကောက်နိူင်ရှာတော့ဘူး။
မျက်လုံးကို ခဲမှန်ထားဖူးတဲ့ငှက်  သူများတွေလိုသူ  ဘယ်မှာမိတ်ဆွေ ဘယ်မှာရန်သူ ရှိတယ်ဆိုတာကို ခွဲခြားပြီ းမသိရှာနိုင်တောဘူး။

အဲဒီလိုပါဘဲ

အတောင်တစ်ဖက် ကျိုးဖူးတဲ့ငှက်ကလေးဟာ  နောက်အတောင်တစ်ဖက် ထပ်ပြီးကျိုးမှာ အရမ်းကြောက်နေလိမ့်မယ်။
ခြေတစ်ဖက်ကျိုးဖူးတဲ့ငှက် နောက်ထပ်ခြေတစ်ဖက်ကျိုးမှာ အရမ်းကြောက်နေလိမ့်မယ်။
နူတ်သီးမှန်ဖူးတဲ့ငှက် ပဲ့နေတဲ့နူတ်သီး ထပ်ပြီးပဲ့သွားမှာ အရမ်းကြောက်နေလိမ့်မယ်။
မျက်လုံးတစ်ဖက် ခဲမှန်ဖူးတဲ့ငှက် နောက်ထပ်မျက်လုံးတစ်ဖက် ထပ်မှန်မှာ အရမ်းကြောက်နေလိမ့်မယ်။

Mar Mar Lwin
4/09/2013

No comments:

Post a Comment