မဲ့ပြုံး
ငယ်ငယ်တုံးက
လမ်းလျှေက်ရင်း
မတော်တဆ
ချော်လဲရင် အနားမှာ
လူရှိလား မရှိလား
ကြည့်လိုက်တယ်။
လူရှိရင်
အားကိုးတကြီးနဲ့
ငိုလိုက်တယ်
မြင်တဲ့သူက
လာထူပေးမလားလို့ပေါ့။
လူမရှိရင်တော့
ကိုယ့်ဘာသာကို
ကိုယ့်အားကိုယ်ကိုးကာ
ကုန်းရုန်းထပြီး
လိုရာခရီးကို
ဆက်လိုက်တယ်။
အခုအသက်ကြီးလာတော့
မတော်တဆ ချော်လဲခဲ့ရင်
အနားမှာ လူရှိလား မရှိလား
ကြည့်လိုက်မိတယ်။
လူရှိရင် ရှက်တက်တဲ့
မဲ့ပြုံးလေးနဲ့
ရယ်ပြလိုက်တယ်။
လူမရှိရင်တော့
ကိုယ့်ဘာသာကို
လိုရာခရီးကို
ဆက်နိူင်ဖို့ နေနေသာသာ
ကုန်းရုန်းထဖို့တောင်
မနည်းဘဲ
ကျိုးစားလာရတယ်
ဇရာဆိုတာ
ညာလို့မှ
မရခဲ့တာဘဲလေ။
Mar Mar Lwin
10/5/2013
6:53 AM

No comments:
Post a Comment