ကျမနဲ့သူ
မတူခြင်းတွေက အရာရာကွဲလွဲခဲ့ရတယ်
ကျမက တွေးတောနေတတ်သူ
သူက လျှင်မြန်ဖြတ်လတ် သွက်လက်နေတတ်သူ
ကျမက ကဗျာဆံလိုသူ
သူက ကာရန်ဆိုတာ မလိုတဲ့သူ
ကျမက တက်ကျိုးရင်လှေမှောက်ပြီး ပြန်လာတတ်သူ
သူက တက်ကျိုးရင် လက်ထိုးလှော်ကာ လှေခွက်ကြီးကျန် အလံမလဲအောင်ဆောင်နိုင်သူ
ကျမက ရေမြွေတစ်ကောင်လို အဆိပ်မဲ့သူ
သူက မြွေဟောက်တစ်ကောင်လို အဆိပ်ပြင်းတဲ့သူ
ကျမက ယုံတစ်ကောင်လို နုဖတ်သူ
သူက ခြင်္သေ့တစ်ကောင်လို ရဲရင့်သူ
ကျမက ပုရွက်ဆိတ်တစ်ကောင်လို အားသေးသူ
သူက မြင်းတစ်ကောင်လို ခွန်အားကြီးသူ
ကျမက ဘဝဆိုတာကို စိတ်ကူးယဉ်လိုသူ
သူက ဘဝဆိုတာကို လက်တွေ့ဆံချင်သူ
ကျမက အရာရာကို အရှုံးပေးတတ်သူ
သူက အရာရာကို အနိုင်ယူလိုသူ
ဒါကြောင့်မို့သူ့မှာ
ခွန်တွေ အားတွေ ပြည့်နှက်သူမို့
အောင်မြင်ခြင်းတွေ အမြဲပွေ့ပိုက်နိုင်တဲ့ခဲ့သူ။
mar mar
3/09/2013
.jpg)
အောင်မြင်ပါစေ ..
ReplyDeleteအမေတစ်ယောက်ရဲ့ ခံစားချက်ကို လုံးဝ နားလည်လျှက် ..
ကျေးဇူးပါညီမရေ
ReplyDelete