လောကဇာတ်ခုံ
လူတွေ သေဆုံးဖို့ရက်ကိုစောင့်ရင်း
ကိုယ်ကျွမ်းကျင်ရာကို အသုံးချဖို့
ပညာတွေ သင်ကြရတယ်။
ကောင်းတဲ့ အတတ်ရော
မကောင်းတဲ့ အတတ်ကိုပါ
ကိုယ်သန်စွမ်းရာ
ဦးနှောက် အကန့်ကိုသုံးပြီး
သင်ဆရာ မြင်ဆရာ ကြားဆရာတွေဆီက
သင်ယူလာကြတယ်။
သမာအာဇီဝေရာ
မသမာတဲ့ အာဇီဝနဲ့ရော
ရတဲ့နည်းနဲ့ သုံးလာကြတယ်။
အိမ်တွေကားတွေ စည်းစိမ်တွေယူဖို့အတွက်
သန်စွမ်းရာ အလုပ်တွေနဲ့
အလုပ်တွေ လုပ်လာကြတယ်။
သူ့ထက်ငါသာအောင်
လူသိအောင်ရော
မသိအောင်ပါ
အပြင်ရူပကာက
ပဇောက်ပုံအပြုံးချီပြီး
အတွင်းသဏ္ဍန်က
ဂငယ်ပုံနဲ့မဲ့ရွဲ့နေအောင် ပြိုင်နေကြတယ်။
သီလ သမာဓိ သိက္ခာဆိုတဲ့
အဝတ်ကို ချွတ်ပြီးတော့
အတ္တ မာန တစ်ကိုယ်ကောင်းဆိုတဲ့
အဝတ်ကို နှစ်သက်စွာနဲ့ ဝတ်ဆင်လာကြတယ်။
Mar Mar Lwin
20/8/2013

No comments:
Post a Comment