Monday, September 2, 2013

နာကျင်ပြီးမှ ရလာတဲ့အချို



နာကျင်မှုက ရတဲ့အချို ပိုပြီးချိုသတဲ့
စဉ်းစားကြည့်ရင် အဲဒီအချိုကအခါးဘက်စွတ်သွားတဲ့ အချိုဖြစ်လိမ့်မယ်လို့ကျမထင်မိတယ်။

နာကျင်မှုဆိုတာကလဲ ကိုယ်ကသူ့ကိုသွားထိလို့နာတဲ့ နာကျင်မှုလား
သူကကိုယ့်ကိုလာထိလို့ နာတဲ့နာကျင်မှုလား တစ်ခုခုကြောင့်ပေါ့နော်။

ကိုယ်ကသူ့ကိုသွားထိလို့ နာကျင်ရတဲ့အနာဆိုရင်တော့
အဲဒီအချိုက အခါးဖက်မစွတ်မှာသေချာတယ်
ဘာဖြစ်လို့လဲဆိုရင် ကိုယ်ကသူ့ကိုသွားထိတာကိုး
သူကကိုယ့်ကိုလာထိတာမှမဟုတ်တာ။

သူကကိုယ့်ကိုယ်လာထိလို့ နာကျင်ရတဲ့အနာဆိုရင်တော့
ကိုယ့်တွက်အဲဒီအချိုက အခါးစွတ်မှာသေချာတယ်
ဘာဖြစ်လို့လဲဆိုရင် သူကသူ့ဘာသာသူလာထိတာလေ
ကိုယ်ကသူ့ကို သွားထိတာမှမဟုတ်တာ။

နာကျင်ရတာခြင်း အတူတူ
ဘယ်လိုဘဲ နာကျင်နာကျင်
အဲဒီကရတဲ့အချိုကိုကျမ မနှစ်သက်မိတာအမှန်ဘဲ
နာကျင်ပြီးမှရတဲ့ အချိုက
ကျမအတွက်တော့ ခါးနေအုံးမှာဘဲ။

mar mar
3/09/2013
4:15PM

No comments:

Post a Comment