Thursday, June 22, 2017

ROCKHAMPTON TO CAIRNS (part 3)





လမ်းတလျှောက် ငေးချင်ရာငေးလာခဲ့တာ တမြို့နဲ့တမြို့ သိပ်မကြာလှဘူး ထင်ရပေမဲ့ လမ်းတလျှောက်က မြင်လာရတဲ့ ကြံခင်းတွေ သရက်ခင်းတွေကတော့ ရှုမျှော်လို့ကို မဆုံးနိူင်ခဲ့ပါ။

မြေကွက်လပ်ဆိုတာ မရှိသလောက်ကို စိုက်ထားတဲ့ အစောင့်မရှိတဲ့ ကြံခင်းတွေကိုကြည့်ရင်း အတွေးထဲ ဆိုးဝါးတဲ့ အတွေးတခုက ၀င်လာခဲ့ပြန်ရော အော် ဒို့မြန်မာပြည်ဆို အစောင့်မရှိတဲ့ အခင်းတွေ ခိုးခုတ်တာနဲ့တင် ကုန်မှာဆိုတဲ့ အတွေးလေးပါ။

ကြံခင်းဘေးမှာ ကားခနရပ်တော့ကြံလေး တချောင်းလောက် ဆင်းချိုးပြီး တဂွမ်းဂွမ်းနဲ့ အခွံခွာကာ ကြံစုတ်လိုက်ရရင် သိပ်ကောင်းမှာလို့ ကိုယ်ကိုတိုင်တောင် စိတ်နဲ့ပြစ်မှားမိခဲ့သေးတာလေ။

ဟိုး ဝေးဝေးကို မျှော်မိပြန်တော့ တောင်မြင့်မြင့်တွေမှာ ပေါက်နေတဲ့ သစ်တောအုပ်တွေက စိမ်းလန်းစိုပြေလို့ နေပြန်ပါတယ် ဘာမဆိုင် ညာမဆိုင် ငယ်ငယ်က ခြံထဲသွားရင် မြင်နေရတဲ့ စိမ်းစိုအုန့်မှိုင်းနေတဲ့ ပဲခူးရိုးမတောကြီးကို လွမ်းမိပြန်ရော အခုလောက်ဆို ပဲခူးရိုးမတောကြီးလဲ ကတုံးပြောင်နေလောက်ပြီ ထင်ပါရဲ့။

ကားပေါ်မှာ စပယ်ယာ မပါသလို မောင်းသူဒရိုင်ဘာ တယောက်ဘဲ ပါပါတယ် ခရီးသည် အများစုက ကမ္ဘာလှည့် ခရီးသည်တွေ ပါတဲ့အတွက် တလမ်းလုံးမှာ ဒရိုင်ဘာက ရောက်ရှိရာမြို့အကြောင်းကို ကားမောင်းရင်း ပြောပြပါတယ်။

စကားမစပ် ခန့်မှန်းချေ၂၇နာရီ ခရီးကို ဒရိုင်ဘာ လေးယောက်ချိန်းပါတယ် ခရီးစဉ်က Brisbane ကနေစထွက်ပြီး Rockhampton မှာ ဒရိုင်ဘာ တယောက် ချိန်းပြီး Rockhampton ကနေ Townsville မှာ ဒရိုင်ဘာ တယောက် လဲပါတယ်။

ဒရိုင်ဘာ လူချင်းချိန်းရာမှာလဲ သူတို့လူချင်း ချိန်းမဲ့နေရာမှာ ကုမ္ပဏီက ကားလေးနဲ့ ချိန်းမဲ့သူက စောင့်နေပြီး ကားကြီးမောင်းသူနဲ့ချိန်းကာ အရင်ကားကြီး မောင်းလာသူက ကုမ္ပဏီက ကားလေးနဲ့ သူ့ကုမ္ပဏီကုန် ပြန်ရုံပါဘဲ လမ်းခရီးတလျှောက် ဒရိုင်ဘာ၄ယောက်က ထိုနည်းအတိုင်းဘဲ ချိန်းသွားပါတယ်။

ခရီသွား ပြည်သူလူထုတွေအပေါ် အလေးထားတဲ့ စိတ်လေးကတော့ အတုယူစရာ အရမ်းကောင်းပါတယ် ကားခနနားပြီး မုန့်စား အလေးအပေါ့သွားပြီး ကားထွက်ကာနီးတိုင်း ဒရိုင်ဘာက စာရွက်ကိုင်ကာ လူစစ်ပါတယ် လူပြည့်ပြီဆိုမှ ကားထွက်ပါတယ်။

လမ်းခရီးတလျှောက် အများဆုံးတွေ့ရတာကတော့ လွမ်းမောဖွယ်ရာ သစ်ပင်တွေ အုံးစိုင်းနေတဲ့ တောင်တန်းကြီးတွေ ကြံခင်း သရက်ခြံ ဂျုံခင်း စပါးခင်းနဲ့ ဆိပ်ကမ်းတွေပါဘဲ

No comments:

Post a Comment