*က်မရဲ႕ Hero*
ဒီစာလေးက
သမီးလေးအတွက်
အမှတ်တရပါ
အမြဲတမ်းလိုလို
ကြိုးစားမှုတွေက
သူ့ရဲ့ရင်ထဲမှာ
ရှိနေတတ်ခဲ့တယ်။
နူးညံ့သိမ်မွေ့ခြင်းတွေ
သူမမှာ
ရှိနေတတ်ခဲ့သလို
ရဲရင့်ခက်ထန်တဲ့
မာန်တွေလဲ
သူမမှာ
ရှိနေတတ်တယ်။
ထိတ်လန့်ခြင်းတွေကို
သူမ မနှစ်သက်သလို
ကြောက်ရွံ့ခြင်းတွေကို
သူမ စက်ဆုတ်နေတတ်တယ်။
အရာရာကို
သူမ အရှုံးမပေးတတ်သလို
အရှုံးပေးခြင်းဆိုတဲ့ အလုပ်ကို
သူမ မုန်းတီးတတ်တယ်။
လောကကြီးကို
အကောင်းမြင်တတ်တဲ့ဘက်က
သူမ ကြည့်တတ်ခဲ့သလို
တဖက်သော
လူသားတွေကို
အပြစ်တင်ခြင်း
ဝေဖန်ခြင်း
ကဲ့ရဲ့ခြင်းတွေကို
သူမ ရှောင်ရှားတတ်ခဲ့တယ်။
သူမရဲ့ ဖြူစင်စိတ်ထားတွေ
သူမရဲ့ ကြိုးစားမှုတွေ
သူမရဲ့ ရဲရင့်မှုတွေ
သူမရဲ့ ရိုးသားမှုတွေကြောင့်
သူမဟာ
ကျမရဲ့
သူရဲကောင်း
တယောက်ဖြစ်ခဲ့တယ်။
Mar Mar Lwin
1/1/2016

No comments:
Post a Comment