Friday, January 1, 2016

အတ္တ


လူတွေဘာလို့ အတ္တကြီးကြတယ် ဆိုတာကို ကျမအရမ်း သိချင်နေခဲ့တယ်

ဘာဖြစ်လို့လဲဆိုတော့ ကျမကိုယ်တိုင်လဲ အဲဒီအတ္တ ဆိုတာကြီးကို တခါတလေ ဖက်တွယ်ထားမိလို့ပါဘဲ။

ဒါ ငါ့ဥစ္စာ
ဒါ ငါ့အိမ်
ဒါ ငါ့ကား
ဒါ ငါ့လင်
ဒါ ငါ့မယား
ဒါ ငါ့သား
ဒါ ငါ့သမီး
.
.
အစရှိသည်ဖြင့်ပေါ့လေ ငါစွဲတွေ စွဲနေကြပြီး လောဘမီးတောက် ဟုန်းဟုန်းတောက်နေကြတာ သိပ်ကြောက်ဖို့ ကောင်းပါတယ်။

ငါစွဲစွဲပြီး ငါ..ငါ..ငါ ဆိုပြီးဖြစ်နေသမျှ ကာလပါတ်လုံး

စိတ်ချမ်းသာမှုတွေ မရနိုင်ဘူးဆိုတာလဲ ကိုယ်ကိုတိုင် သိနေပါလျှက်နဲ့ ငါဆိုတာကို ဘာလို့များ မက်မောနေမိကြတာလဲ။

အဲဒီ ငါဆိုတာကြီး အာရုံထဲမှာ ရှိနေသရွေ့တော့ လူတွေအားလုံးဟာ ပူလောင်နေကြအုံးမှာ အမှန်ပါ မိသားစုတွေအတွင်း စိတ်ဝမ်းကွဲမှုတွေ ရှိနေကြရအုံးမှာပါဘဲ။

မိတ်ဆွေသူငယ်ချင်း အချင်းချင်း အထင်လွဲမှုတွေ ရှိနေကြရအုံးမှာပါဘဲ။

တိုင်းရင်းသား လူမျိုးအချင်းချင်း ခိုက်ရန်ဒေါသတွေ ထွက်နေကြအုံးမှာ အမှန်ပါဘဲ။

ကမ္ဘာသူ ကမ္ဘာသားအချင်းချင်းလဲ စစ်အတွက် ရမက်မီးတွေ မွှေးနေကြအုံးမှာ အမှန်ပါဘဲ။

ဒါကြောင့်မို့ ကျမအပါအဝင် လူသားတွေအားလုံး အတ္တကမ္ဘာကြီးထဲက ရုန်းထွက်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း။

No comments:

Post a Comment