Tuesday, July 8, 2014

ရှုံးနိမ့်ခြင်း


ပြိုင်ပွဲတစ်ခုမှာ အနိုင်နဲ့အရှုံးကရှိပြီးသားဘဲလေ
သရည်ကျတယ်ဆိုတာက ဆယ်ခါတစ်ခါတောင် ကြုံချင်မှကြုံတတ်တာ။

အဲဒီ မသေချာတဲ့ ပြိုင်ပွဲကြီးကို လောင်းကြေးအထပ် ထပ်ပြီး
ကံကို ဇာတ်ဆရာ လုပ်မိတဲ့ သူတွေအတွက်တော့
နိုင်သွားခဲ့ပြီလား ရှုံးသွားခဲ့ပြီလား။

ရလာဘ်ကဘာလဲ
ကိုယ့်အတွက် ဘာကျန်ခဲ့လည်း။

စကားနောက်တရား ပါသွားပြီလား
လူကိုခင်လို့ မူကို ပြင်သွားပြီလား
တရားခွင်ထဲမှာ ခေါင်းကိုမော့ပြီး ရင်ကိုကော့နိုင်ခဲ့ပြီလား
တရားခွင်ကအထွက် ခေါင်းငုံ့ကာ တုံ့ဆိုင်းခဲ့ရပြီလား။

ဘာတွေလဲ ဘာတွေများလဲ
သေချာတာကတော့ ဒီပွဲမှာ
ကိုယ်အရှုံးကြီး ရှုံးနိမ့်သွားခဲ့ပြီ ဆိုတာပါဘဲ။

Tuu Mar
9/7 /2014
8:54 AM

No comments:

Post a Comment