သေမင်းနဲ့ စစ်မခင်းသေးခင်
အသက်တွေ
ကြီးလာလေလေ
ပိုင်ဆိုင်မှုတွေက
နည်းလာလလေ
နောက်ဆုံး ငါပိုင်သမျှ
ထားခဲ့ရတော့မယ်။
အိုမင်းမစွမ်း
ဖြစ်လာလေလေ
အရာရာ အားလုံးဟာ
ယုတ်လျော့လာလေလေ
နာက်ဆုံး ချစ်သူခင်သူတွေပါ
လျော့ပါးခဲ့ရတော့မယ်။
ဇရာက ထောင်းလာလေလေ
မှတ်ဥာဏ်တွေ နည်းလာမယ်
မျက်လုံးတွေ မွဲလာမယ်။
သွားတွေ ဆုံးရှုံးလာမယ်
နားတွေ ထိုင်းလာမယ်
ခါးတွေ ကိုင်းလာမယ်။
အရိုးတွေ ဆွေးလာမယ်
ကိုက်ခဲမှုတွေ ပိုလာမယ်
အသွားအလာတွေ
တုန့်နှေးလာမယ်။
ကတုန်ကရင်တွေ ဖြစ်လာမယ်
ဒါတွေ ဖိဆီးလာလေလေ
ကိုယ့်ကိုကိုယ်
အလိုမကျတာတွေ များလာတော့
ဒေါသတွေက လွှမ်းမိုးလာမယ်။
အဲဒီဒေါသတွေ ပိုလာလေလေ
ကာင်းသော သေခြင်းနဲ့
ဝေးလာလေလေ ဖြစ်ရတော့မယ်
ဖြစ်ပျက် ဖြစ်ပျက် ဖြစ်ပျက်
ပေါ်လာတာကို ရှုတဲ့။
ဖြစ်လာတယ် ပေါ်လာတယ်
ပျက်မသွားသေးခင်
သေအောင် ခံရတယ်
ဘယ်လိုမှ ရှုလို့မရ
ဒီတော့လဲ သေမင်းနဲ့
စစ်မခင်းသေးခင်
တိုက်ပွဲပေါင်းများစွာကို
ကြုံကြရအုံးမယ်။
Mar Mar Lwin
30/04/2017
8:03 AM
No comments:
Post a Comment