Sunday, April 20, 2014

စိတ်​၏စေရာ


ဆောင်းလေလေးက တစ်ဖြူးဖြူးတိုက်နေချိန်
ညဥ့်ကလည်း တော်တော်နက်လာလေပြီ
ငါ တရေးမှ အိပ်မပျော်သေးချိန်
အခန်းတခါးရဲ့ လိုက်ကာကို
သာသာလေး ဖွင့်ဟလို့
လမ်းမကြီးဆီကို
ငေးမိတယ်။

ဆောင်းလေ ငြိမ့်ငြိမ့်လေးကြားက
ငါ ကြားနေရတဲ့ လေတိုးသံရယ်
တိတ်ဆိတ်စွာ ညိမ်သက်နေတဲ့
ညရဲ့ အမှောင်ထုကြားကို
ထိုးထွင်းပြီး ဖောက်လို့
စိတ်အစဉ်ကို ဖမ်းစား
စေစားစေခဲ့တယ်။

ဝှေ့လာတဲ့ တစ်ချက်လေညှင်းရယ်ကြောင့်
အေးစက်ညင်သာတဲ့ အထိအတွေ့ရယ်
အမှောင်ကိုခွင်းကာ လင်းလာလိုက်
မှောင်သွားလိုက် ကောင်းကင်က
လမင်းသာ ဖျတ်ကနဲပေါ်လာကာ
သူလေ ကလူကာ
ကျီဆယ်တာမို့။

လရောင်ကြောင့် အသက်၀င်လာတဲ့ည
လေညှင်းခတ်လို့ ကျလာတဲ့သစ်ရွက်
ငါ့ရဲ့မှန်တခါးရှေ့ ညင်သာစွာကျခဲ့
ဖျတ်ကနဲ ခုန်သွားမိတဲ့ ရင်ကို
ကလူဧ။်သို့
မြူဧ။်သို့။

ဆောင်းလေကြောင့် ထူးတဲ့
ငါ့ဘ၀ရဲ့ ဒီတစ်ညတာ
ဆောင်းတွင်း အိမ်မက်
ဂယောက် ဂယက်နဲ့
နိုးထခြင်း တစ်၀က်ရဲ့
အိမ်မက်ဆိုးတွေနဲ့
စိတ်ဧ။်စေရာသို့

ရှင်သန်ကာ နေထိုင်ရအုံး မှာပါလား။

Tuu Mar
20.4.2014

No comments:

Post a Comment