ဒို့ရွာက ကထိန်ပွဲ
မနက်ဖြန်ဆို တန်ဆောင်မုန်း လပြည့်နေ့ရောက်ပြီ
ငယ်ငယ်တုန်းက ရွာမှာ ဘုန်းကြီးကျောင်း ၆ကျောင်းရှိတယ်။
ကထိန်ပွဲတွေက တစ်ကျောင်းပြီး တစ်ကျောင်းပေါ့
ဓါတ်စက်သံတွေ ဝေဆာနေပြီး
ချာင်းရိုးအတိုင်း လေနဲ့ပါလာတဲ့ ဓါတ်စက်သံတွေက
ကထိန်ပွဲကို မလာလာအောင် လှုံ့စော်နေကြတာပေါ့။
တွံတေးသိန်းတန်ရဲ့ အမေနဲ့ရွာကိုလွမ်းတယ်ဆိုတဲ့ သီချင်း
ဗိုလ်အောင်ဒင် ပြန်လာပြီဆိုတဲ့ ဇာတ်လမ်း
မာမာအေးရဲ့ မြစိမ်းခွက်နဲ့ ပွဲတော်တယ်မယ်
စနေသားဆိုရင် ဂြိုလ်နဲ့လားရှင့်
ကိုသိန်းတန် စိုးစိုးသင်္ဘောပေါ်တက်ခဲ့မယ်ဆိုတဲ့ အသံလွှင့်ဇာတ်လမ်း
အဲဒါတွေက ဒီနေ့ထိ အလွတ်ရနေတုန်းပါဘဲ။
ငယ်အရိပ် ငယ်အတိတ်တွေပေါ့
ရွာဘုန်းကြီးကျောင်းရဲ့ ကထိန်မှာ စားခဲ့ကြတဲ့
ဆယ်နှစ်မျိုး ဟင်းချိုဟင်းနဲ့ငပိချက်
တို့စရာအရွက်စုံနဲ့ ဝက်သားဟင်း
ဒါတွေအပြင် သူကြီးတူမ ပီပီ
ဘုန်းတော်ကြီး ပွဲကျကိုစောင့်ပြီး စားခဲ့တာလဲ အမှတ်တရပါဘဲ။
အစားပိတ်မှာ အရသာရှိစွာ သုံးဆောင်ဖို့ရာ
ဝက်သနီချက် ထမင်းမှာမြုပ်လို့
မြေကြီးမှာ စောင့်ကြောင့်ထိုင်ကာ
သူငယ်ချင်းတစ်သိုက်နဲ့ လွေးခဲ့ကြတာကိုလဲ
မနေ့တစ်နေ့ကလိုဘဲ ရင်ထဲမှာရှိနေတုန်းဘဲပေါ့။
အဲဒီအချိန်တွေတုန်းက
အပူတွေလဲ ကင်းခဲ့တယ်
ပျော်စရာတွေလဲ ကောင်းခဲ့တယ်
စိတ်ချမ်းသာရာတွေလဲ ပိုင်ဆိုင်ခဲ့ရတယ်။
ဒါတွကေို ပြန်စဉ်းစားမိလို့
အတွေးထဲ ရောက်လာတယ် ဆိုရင်ဘဲ
အမေနဲ့ရွာကို လွမ်းသလို
သူငယ်ချင်းတွေကိုလဲ သတိရလွန်းလို့
မွေးရပ်မြေကိုဘဲ ပြန်ချင်နေမိတယ်။
မာမာလွင်
12.43 PM
26/11/2012

No comments:
Post a Comment